|
|||||||||||||||||||||||||||
|
![]() နက္ခတ် ၊ ဗေဒင် ပညာကို (၁၉၈၆) ခုနှစ်မှစ၍ လေ့လာသင်ယူခဲ့ပြီး မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့မှ ဥက္ကဌ ဆရာဦးမြိုင် ကိုယ်တိုင်ချီးမြှင့်သော ဆရာဖြစ် သင်တန်းဆင်းလက်မှတ်ကို ရရှိခဲ့ပါသည်။ ဝေဒသုတေသနအဖွဲ့၏ နယ်သင်တန်းများတွင်လည်း အခြေခံ အဟောပိုင်းဆိုင်ရာ အချိန်ပိုင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့မှ ထုတ်ဝေသော "ဇောတိသဝေဒ" မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင် အဖြစ် ၊ နက္ခတ်ဗေဒင်ဆိုင်ရာ ပညာပေး ဆောင်းပါးများကို ရေးသားခဲ့ပြီး ဆက်လက်၍ "သုခချမ်းသာ" ၊ "Fortune Light" မဂ္ဂဇင်းများမှာလည်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် နက္ခတ် ၊ ဗေဒင် အကျိုးပြုဆောင်းပါးများကို ရေးသားခဲ့ကာ "အောင်နမိတ်" ဂျာနယ်၏ (မျက်နှာဖုံး ဆောင်းပါး) ကိုရီးယားစတားတို့၏ ကံကြမ္မာဟောကိန်းများကို "စုစုလှိုင် (ဝေဒ)" ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ဝေဒအဖွဲ့မှ အဆင့်မြင့်သင်တန်းဆင်းပြီး ဝေဒကျောင်းအုပ်ဆရာကြီး (အငြိမ်းစား) ဆရာဦးမြင့်စိန်ထံ၌ အဟောပိုင်းဆိုင်ရာများကို ယနေ့အထိ လေ့လာသင်ယူနေပါသည်။ (၁၉၉၈) ခုနှစ်မှ စတင်ကာ လက်ရိုးနက္ခတ်ဗေဒင် သင်တန်းများကို ယနေ့အထိ သင်ကြားပေးလျှက်ရှိပါသည်။ ![]() အောင်မြင်မှုပန်းတိုင်တစ်ခုအတွက် အတွေးအခေါ် ၊ ဆုံးဖြတ်ချက်မှာ အလွန်အရေးကြီးလှပါသည်။ မှန်ကန်သောဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားနိုင် သူတို့သည် အချိန်တိုအတွင်း ဦးတည်ချက်တို့ ထိရောက်စွာ အောင်မြင်နိုင်မည်ဖြစ်၍ မိမိတို့ ကြိုတင်မှန်းဆ ခန့်မှန်းရန် ခက်ခဲသော အကြောင်းအရာ တို့ကို ဤဗေဒင်ပညာဖြင့် တွက်ချက်ဆုံးဖြတ်ခြင်းကြောင့် ချမှတ်သော ဆုံးဖြတ်ချက်နှင့်အတူ ၊ လုပ်ဆောင်သင့်သောအချိန်ကာလတို့ ရရှိသွားသည် ဖြစ်၍ ................................ ပြည်ပနိုင်ငံသို့ ပညာသင်သွားရောက်သူများ ၊ အလုပ်လုပ်ရန်သွားရောက်သူများ ၊ နိုင်ငံတော်မှ ရွေးချယ်စေလွှတ်သော ပြည်ပခရီးများအတွက် များစွာအကျိုးပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်ပ ပညာသင်ကြားသူများအတွက် ရွေးချယ်ရမည့်နိုင်ငံ ၊ ဘာသာရပ် ၊ အချိန်တို့မှာ အရေးကြီးသလို ၊ ပြည်ပ၌ အလုပ်လုပ်ကိုင်မည့်သူများအတွက် နိုင်ငံရွေးချယ်မှု ၊ ထွက်ခွာချိန်ရွေးချယ်မှု ၊ အမှန်တကယ် အကျိုးရှိမှု မရှိမှုတို့မှာလည်း အရေးကြီးလှပါသည်။ ၎င်းအရေးကြီးသော ဆုံးဖြတ်ချက်များအတွက် ထိုဇာတာရှင်၏ ကံကြမ္မာဇာတာက အတိအကျ ညွှန်ပြနိုင်ခဲ့သည့်အတွက်လည်း ဆရာမ၏ ပညာဖြင့် အချိန်နှင့်ငွေ ဆုံးရှုံးမှုများစွာကို ဖယ်ရှား၍ အချိန်နှင့် တပြေးညီ အောင်မြင်မှုတို့ကို ညွှန်ပြနိုင်ခဲ့ပြီး ဖြစ်ပါသည်။ |
||||||||||||||||||||||||||
|
|||||||||||||||||||||||||||